ကော်ဖီဟာ လူအများစုရဲ့တနေ့တာမရှိမဖြစ်လိုအပ်ချက်တခုဖြစ်ပါတယ်။ ကော်ဖီဟာ လူကိုလန်းဆန်းပြီး တက်ကြွခွန်အားပြည့်လာစေရုံသာမက အခြားသောအကျိုးကျေးဇူးများလည်းရှိပါသေးတယ်။ သင့်ရဲ့ဆံပင် အသားအရေ နဲ့ ကျန်းမာရေးအတွက် ကော်ဖီကအကျိုးပြုပေးနိုင်တယ်ဆိုတာသင်သိပြီးပြီလား။
ကော်ဖီထဲမှာပါတဲ့ ကဖီန်း Caffeine ဓါတ်ဟာ ကျန်းမာရေးနဲ့ညီညွတ်လားမညီညွတ်ဘူးလားဆိုတာ လူတိုင်းသိချင်ကြမှာပါပဲ။ တနေ့မှာကော်ဖီ ၂ခွက်ကနေ ၄ခွက်အထိလောက်ကတော့ လူကိုအန္တရာယ် မဖြစ်စေပါဘူး။ အဲ့ဒီထက်များရင်တော့ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အလွန်အကျွံ မသောက်ဘူးဆိုရင်တော့ ကော်ဖီကနေအောက်ပါ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။
>>> အသဲအတွက်ကောင်းခြင်း <<<
Caffeine ဓါတ်ဟာ အသဲအတွင်းကအဆိတ်အတောက်များကိုပြေစေပြီး သန့်ရှင်းစေဖို့ကူညီပေးပါတယ်။ Duke University သုတေသနအဖွဲ့ကပြောကြားချက်အရ အသဲအဆီဖုံးခြင်းကိုလဲ Caffeine ကလျော့ကျစေပါတယ်။ အရက်ကြောင့်ဖြစ်တဲ့အသဲအဆီဖုံးတာကိုတော့မကူညီနိုင်ပါဘူး။
>>> ဆီးချိုသွေးချို အန္တရာယ်လျော့ကျပေးခြင်း <<<
သုတေသီများပြောကြားချက်အရ တနေ့လျင်ကော်ဖီ၅ခွက်သောက်ပါက ဆီးချိုသွေးချိုဖြစ်စေမှုကိုလျော့ချပေး ပါတယ်။ သကြားမပါတဲ့ကော်ဖီကိုသောက်ရမှာပါ။
>>> ဦးနှောက်ကိုထက်မျက်စေခြင်း <<<
Caffeine ဓါတ်ဟာ ဦးနှောက်အတွက်အလွန်ကောင်းပါတယ်။ သင့်ရဲ့ဦးနှောက်ကိုတက်ကြွလန်းဆန်းစေတဲ့ အတွက် ပြသနာဖြေရှင်းတဲ့အခါဖြစ်ဖြစ် လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာဖြစ်ဖြစ် ပိုမိုစွမ်းဆောင်နိုင်ပါတယ်။ Harvard ကသုတေသီများရဲ့ပြောကြားချက်အရ တနေ့ကိုကော်ဖီ၎ခွက်သောက်တဲ့သူတွေဟာ သတိမေ့ရောဂါဖြစ်နိုင်တဲ့ ရာခိုင်နှုန်းတဝက်လောက်လျော့နည်းနေတာတွေ့ရပါတယ်။
>>> ဝိတ်ကျစေခြင်း <<<
ကော်ဖီသောက်ခြင်းအားဖြင့်ဝိတ်ကျစေနိုင်ပါတယ်။ ကော်ဖီသောက်လေ့ရှိသူတွေဟာ အစားသိပ်မစားဖြစ်တော့ တာကြောင့်လဲ ဝိတ်ကျလာစေတာဖြစ်ပါတယ်။ Caffeine ဓါတ်သည်လည်း ဝိတ်ကျခြင်းကိုအထောက်အကူ ပြုပါတယ်။
>>> ကင်ဆာရောဂါကာကွယ်ခြင်း <<<
Caffeine ဓါတ်ဟာ ကင်ဆာဖြစ်ပွားခြင်းကိုလျော့ကျစေနိုင်ပါတယ်။ ကော်ဖီသောက်ခြင်းဖြင့် ပါးစပ် နဲ့ လည်ချောင်းကင်ဆာဖြစ်ပွားစေမှုကို ၅၀% လျော့ချပေးပါတယ်။
>>> ကြွက်သား လှုပ်ရှားမှုကို တိုးတက်စေခြင်း <<<
ကြွက်သားရောင်ယမ်းခြင်းကိုလျော့ကျစေခြင်းသားသန်မာပြီး တိုးပွားလာအောင် ကော်ဖီကစွမ်းဆောငပေးနိုင်ပါတယ်။ ကြွက်သားအမျင်တွေအတွက် အထူးအကျိုးပြုပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်ကော်ဖီလေးတခွက်လောက်သောက်လိုက်ရင် ပိုမိုခွန်အားပြည့် လာတယ်လို့ခံစားဖူးကြမှာပါ။ ကျန်းမာရေးအတွက်လှုပ်ရှားမှုတွေပိုမိုလုပ်နိုင်လာပါလိမ့်မယ်။
>>> မှတ်ညာဏ်တိုးစေခြင်း <<<
ကော်ဖီမှာပါတဲ့ Caffeine ဓါတ်ဟာမှတ်ညာဏ်ကိုတိုးစေပါတယ်။ ကော်ဖီသောက်ပြီးရင် ပိုမိုစူးစိုက်လာနိုင်ပြီး သင်ယူမှုနဲ့ မှတ်သားမှုတို့အတွက် ကောင်းသောအကျိုးရလာဒ်တွေပေးစွမ်းနိုင်ပါတယ်။
>>> အသားအရေကောင်းမွန်စေခြင်း <<<
ယနေ့ခောတ်မှာ ကော်ဖီကို skincare အတွက်အသုံးများလာကြပြီဖြစ်ပါတယ်။ ကော်ဖီဟာအသားအရေ ကိုပိုမိုကောင်းမွန်လာအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ Cosmetic တွေမှာတောင်ကော်ဖီကိုစတင်ထည့်ပြီး ထုတ်လုပ်လာနေကြပါပြီ။ ကော်ဖီဟာ အသားအရေချောမွေ့ ညက်ညောစေပါတယ်။
>>> ပါးရေတွန့်ခြင်းကိုနှေးကွေးစေခြင်း <<<
ကော်ဖီဟာ ပါးရေတွန့်စေတဲ့ radicals တွေကိုတိုက်ထုတ်ပစ်နိုင်ပါတယ်။ အသားအရည်ကိုတင်းရင်းစေပြီး နေလောင်အမဲစက်များဖြစ်စေခြင်းကလဲလျော့ကျစေနိုင်ပါတယ်။ ပါးရည်တွန့်ကာကွယ်တဲ့ night cream တွေမှာတောင် caffeine ကိုအသုံးများလာကြပါပြီ။
>>>ရောင်ယမ်းခြင်းကိုလျော့ကျစေခြင်း<<<
Caffeine ဓါတ်မှာရောင်ယမ်းခြင်းကိုလျော့ကျစေတဲ့ ဓါတ်တွေပါဝင်ပါတယ်။ အရောင်ကျစေးတွေမှာတောင် caffeine ကိုထည့်သုံးလာကြပါပြီ။
>>> မျက်ကွင်းညိုခြင်းကိုကုသခြင်း <<<
မျက်ကွင်းညိုခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပွားနိုင်ပါတယ်။ Caffeine ဓါတ်ဟာ မျက်ကွင်းညိုခြင်းကို ကုသပေးနိုင်ပါတယ်။ မွေးရာပါမျက်ကွင်းညိုတာကိုတော့မကုနိုင်ဘူးပေါ့။
>>> ခရမ်းလွန်ရောင်ခြည်ထိခိုက်မှု ကုသခြင်း <<<
သုတေသီများပြောကြားချက်အရ Caffeine ဓါတ်ဟာ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်ပွားတဲ့ ထိခိုက်ပျက်စီးမှု တွေကိုကုသပေးနိုင်ပါတယ်။
>>> အသားအရေတင်းရင်းစေခြင်း <<<
ကော်ဖီဟာ သင့်ကိုတင်းရင်းချောမွေ့တဲ့ အသားအရေလေးပေးစွမ်းနိုင်မှာဖြစ်တယ်။
>>> ဆံပင်အတွက်အကျိုးကျေးဇူးများ
<<<
Caffeine ဓါတ်ဟာ သင့်ရဲ့ဆံဖျားတွေကိုသန်မာလာစေပါတယ်။ ဆံပင်သန်စေပြီး ကျန်းမာတဲ့ဆံသားလေး ပေးစွမ်းနိုင်မှာပါ။ ဆံပင်ကျွတ်ခြင်းကိုလဲသက်သာစေပါတယ်။
No comments:
Post a Comment